ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာဦးစီးဌာန
မန္တလေးနည်းပညာတက္ကသိုလ်
(သင်ကြားရေးရာထူးများရာထူးတိုးမြှင့်/ပြောင်းရွှေ့လျှောက်လွှာခေါ်ယူခြင်း)
၁။ မန္တလေးနည်းပညာတက္ကသိုလ်ရှိ အင်ဂျင်နီယာ/ဗိသုကာ၊ ဇီဝနည်းပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အင်ဂျင်နီယာသင်္ချာ၊ အင်ဂျင်နီယာဓာတုဗေဒ၊ အင်ဂျင်နီယာရူပဗေဒ၊ အင်ဂျင်နီယာဘူမိဗေဒ ဘာသာရပ်ဌာနများတွင် သတ်မှတ်အရည်အချင်းများနှင့်ပြည့်စုံသော မန္တလေးနည်းပညာတက္ကသိုလ်နှင့် အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ရာထူးတိုးမြှင့် လျှောက်ထားလိုသူ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြ/သရုပ်ပြများ၊ ပြောင်းရွှေ့ လျှောက်ထားလိုသူ အဆင့်မြင့်ပညာဦးစီးဌာနက သတ်မှတ်ထားသော တက္ကသိုလ်၊ ဒီဂရီ ကောလိပ်အလိုက် အနည်းဆုံးတာဝန်ထမ်းဆောင်ရမည့် နှစ်သတ်မှတ်ချက် အသားတင်ကာလပြည့်မီသည့် ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြများသည် သက်ဆိုင်ရာပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ မှတဆင့် မန္တလေးနည်းပညာတက္ကသိုလ်ပါမောက္ခချုပ်ထံလိပ်မူ၍ အထောက်အထားများပြည့်စုံစွာဖြင့် (၉ – ၁၀ – ၂၀၂၀) ရက်နေ့နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြပါသည်။
၂။ အဆိုပြုလျှောက်ထားသူများသည် အောက်ပါ အထောက်အထားများ စာရွက်စာတမ်းမူရင်း နှင့် မိတ္တူမှန်များ (၂) စုံစီ ကို သက်ဆိုင်ရာပုဂ္ဂိုလ်၊ သက်ဆိုင်ရာပါမောက္ခ/ဌာနမှူးနှင့် သက်ဆိုင်ရာ ပါမောက္ခချုပ်/ ကျောင်းအုပ်ကြီး တို့က အတည်ပြု လက်မှတ်ရေးထိုးပြီး ပူးတွဲပေးပို့ရပါမည်-
၃။ သတ်မှတ်ရက်ထက်ကျော်လွန်ပြီး တင်သွင်းသည့်လျှောက်လွှာများနှင့် အချက်အလက်ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ထားခြင်းမရှိသော လျှောက်လွှာများကို လက်ခံစဉ်းစားမည် မဟုတ်ပါ။
၄။ အသေးစိတ်အချက်အလက်များကို မန္တလေးနည်းပညာတက္ကသိုလ်၊ ဌာနကြီးမှူး(စီမံ-ဘဏ္ဍာ) ဖုန်းနံပါတ်-(၀၉-၄၃၀၈၄၀၀၇) ၊ ဌာနမှူး(စီမံ-ဘဏ္ဍာ) ဖုန်းနံပါတ်- (၀၉-၄၄၄၀၃၁၈၀၅)၊ ဌာနခွဲမှူး(စီမံ) ဖုန်းနံပါတ်- (၀၉-၇၉၀၁၈၈၀၂၃)၊ စီမံရေးရာဌာန (၀၂-၄၀၅၇၀၀၆) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ ရာထူးခေါ်စာနှင့် သတ်မှတ်ပုံစံ များကို အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ e-mail ဖြင့်လည်း ဖြန့်ဝေပေးပို့ထားမည် ဖြစ်ပါသည်။
မန္တလေးနည်းပညာတက္ကသိုလ်
The required documents for Promotion/ Transfer can be downloaded as below:
၁. ရာထူးတိုးလျှောက်လွှာ ခေါ်ယူခြင်း
၂. ရာထူးတိုး အဆိုပြုလျှောက်လွှာ
၃. ပြောင်းရွှေ့ တာ၀န်ထမ်းဆောင်ခြင်း
၄. ဝဖ အကဲဖြတ်မှတ်တမ်း (For P and AP)
၅. ဝဖ အကဲဖြတ်မှတ်တမ်း (ကထိက နှင့် အောက်)
၁၄. Paper/ Journal Recommendations from MTU-ERC
၁၅. ပြစ်ဒဏ်ကာလ မဟုတ်ကြောင်း ခံ၀န်ကတိ
The applicants need to submit both soft copy via mtu_promotion_transfer@mtu.edu.mm
hard copy with the completed data to Administration Office, Mandalay Technological University, Pathengyi, Mandalay.
You can enquiry about Paper Publication:
MTU ERC committee- Dr. Kaung Kyaw-095159605