Rules for Presenter

ရာထူးတိုး/ပြောင်းအတွက်​​ Presentation​​ နှင့်​​ Interview (Online)​​ ဖြေဆိုမည့်သူများ လိုက်နာရမည့် အချက်များ

 

၁။Zoom​​ ဖြင့်​​ Presentation​​ နှင့်​​ Interview​​ ဖြေဆိုရာတွင် အသံကြည်လင်ပြတ်သား ​​ စေရန်အတွက် ဆိတ်ငြိမ်သောနေရာ (သို့မဟုတ်) ဆိတ်ငြိမ်သောအခန်း၌သာ ဖြေဆိုရ မည်။

၂။ ပတ်ဝန်းကျင် ဆူညံသံကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအား​​ Presenter​​ က သာ တာဝန်ယူရပါမည်။ အရည်အချင်းစစ်ဆေးရေးအဖွဲ့မှ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားပါမည်။

၃။Powerpoint​​ အား​​ English​​ ဖြင့် ပြင်ဆင်ရပါမည်။

၄။Presentation​​ ပြုလုပ်ရာတွင်​​ In English​​ ဖြင့်သာ ရှင်းပြရပါမည်။

၅။Interview​​ ဖြေဆိုရာတွင်​​ English (သို့မဟုတ်) မြန်မာ မိမိနှစ်သက်ရာဖြင့် ဖြေဆိုနိုင် ပါသည်။

၆။Presentation​​ ကြာချိန်အား တစ်ဦးလျှင် (၁၀)မိနစ် သတ်မှတ်ထားပြီး​​ Interview​​ အတွက် တစ်ဦးလျှင် (၂၀)မိနစ် သတ်မှတ်ထားပါသည်။ အချိန်ပြည့်ပါက​​ Alert​​ လုပ် ပါမည်။​​ 

၇။Presentation​​ နှင့်​​ Interview​​ ဖြေဆိုရာတွင် ယူနီဖောင်းကိုသာ ဝတ်ဆင်ရမည်။ (အိမ်နေရင်းအဝတ်အစားများ၊ စွပ်ကျယ်၊ တီရှပ်တို့အား ဝတ်ဆင်ခြင်း မပြုရ။)

၈။Presentation​​ နှင့်​​ Interview​​ ဖြေဆိုရာတွင်​​ Recording​​ မလုပ်ရ၊​​ Photo​​ မရိုက်ရ၊​​ Video​​ မရိုက်ရ၊​​ Social Media​​ ပေါ် မတင်ရ။​​ Ethic​​ အား လိုက်နာခြင်းမရှိပါက​​ အရည်အချင်းစစ်ဆေးရေးအဖွဲ့နှင့် ဦးစီးကော်မတီ၏ ဆုံးဖြတ်ချက်အတိုင်းသာ အတည်ဖြစ်သည်။

၉။ နံနက်ပိုင်း နှင့် နေ့လယ်ပိုင်း နှစ်ပိုင်းခွဲ၍ စစ်ဆေးသွားမည်။ အမှတ်စဉ်အတိုင်း စစ်ဆေးသွားမည်ဖြစ်သော်လည်း မိမိပါဝင်ရာ အပိုင်း၌​​ Stand by​​ ရှိနေပေးရန်။​​ 

၁၀။Presentation​​ နှင့်​​ Interview​​ အား လူစားဝင်ရောက်ဖြေဆိုခြင်းခွင့်မပြု။​​ 

၁၁။Presentation​​ နှင့်​​ Interview​​ ဖြေဆိုရန်​​ Zoom Account​​ အား သက်ဆိုင်ရာ တက္ကသိုလ်၏ စီမံ​​ email​​ ျားသို့ ပေးပို့သွားမည်ဖြစ်ပြီး မိမိတို့၏ နာမည်ဖြင့်သာ ဝင်ရောက် ဖြေဆို ရန်။

၁၂။ အထက်ဖော်ပြပါအချက်များကို လိုက်နာရန်ပျက်ကွက်ပါက အရည်အချင်းစစ်ဆေး ရေးအဖွဲ့မှ ချမှတ်ထားသည့် မူအရ စည်းမျဉ်း၊ စည်းကမ်း လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်။

၁၃။ (က) ပါမောက္ခ ရာထူးတိုး/ပြောင်းကို ပါမောက္ခချုပ်(၄)ဦးပါ အဖွဲ့ဖြင့်​​ Interview​​ မည်ဖြစ်ပါသည်။

 (ခ) တွဲဘက်ပါမောက္ခ ရာထူးတိုး/ပြောင်းအတွက်​​ Presentation​​ နှင့်​​ Interview​​ ၊ ကထိကရာထူးတိုး/ပြောင်းအတွက်​​ Interview​​ ကို အရည်အချင်းစစ်ဆေးရေးအဖွဲ့၊ မန္တလေးနည်းပညာတက္ကသိုလ်မှ ဆောင်ရွက်မည်ဖြစ်ပါသည်။

၁၄။​​  တစ်စုံတစ်ရာအခက်အခဲရှိပါက​​ ဌာနမှူး၊ စီမံရေးရာဌာန၊ ဖုန်း -​​ 09444031805​​ သို့ ဆက်သွယ်ပေးပါရန်။

 

အရည်အချင်းစစ်ဆေးရေးအဖွဲ့

မန္တလေးနည်းပညာတက္ကသိုလ်

ရာထူးတိုး/ပြောင်းအတွက်​​ Presentation​​ နှင့်​​ Interview (Face to Face)​​ ဖြေဆိုမည့်သူများ​​ လိုက်နာရမည့် အချက်များ

 

၁။Powerpoint​​ အား​​ English​​ ဖြင့် ပြင်ဆင်ရပါမည်။

၂။Presentation​​ ပြုလုပ်ရာတွင်​​ In English​​ ဖြင့်သာ ရှင်းပြရပါမည်။

၃။Interview​​ ဖြေဆိုရာတွင်​​ English (သို့မဟုတ်) မြန်မာ မိမိနှစ်သက်ရာဖြင့် ဖြေဆိုနိုင် ပါသည်။

၄။Presentation​​ ကြာချိန်အား တစ်ဦးလျှင် (၁၀)မိနစ် သတ်မှတ်ထားပြီး​​ Interview​​ အတွက် တစ်ဦးလျှင် (၂၀)မိနစ် သတ်မှတ်ထားပါသည်။ အချိန်ပြည့်ပါက​​ Alert​​ လုပ် ပါမည်။​​ 

၅။Presentation​​ နှင့်​​ Interview​​ ဖြေဆိုရာတွင် ယူနီဖောင်းကိုသာ ဝတ်ဆင်ရမည်။ (အိမ်နေရင်းအဝတ်အစားများ၊ စွပ်ကျယ်၊ တီရှပ်တို့အား ဝတ်ဆင်ခြင်း​​ မပြုရ။)

၆။ နံနက်ပိုင်း နှင့် နေ့လယ်ပိုင်း နှစ်ပိုင်းခွဲ၍ စစ်ဆေးသွားမည်။ အမှတ်စဉ်အတိုင်း စစ်ဆေးသွားမည်ဖြစ်သော်လည်း မိမိပါဝင်ရာ အပိုင်း၌​​ Stand by​​ ရှိနေပေးရန်။ ​​ 

၇။ အထက်ဖော်ပြပါအချက်များကို လိုက်နာခြင်း မရှိပါက အရည်အချင်းစစ်ဆေးရေး အဖွဲ့မှ ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်။

၈။ တစ်စုံတစ်ရာအခက်အခဲရှိပါက​​ ဌာနမှူး၊ စီမံရေးရာဌာန၊ ဖုန်း -​​ 09444031805​​ သို့ ဆက်သွယ်ပေးပါရန်။

 

အရည်အချင်းစစ်ဆေးရေးအဖွဲ့

မန္တလေးနည်းပညာတက္ကသိုလ်