Loading Events

Upcoming Events

Events Search and Views Navigation

Event Views Navigation

April 2020

“ကျောက်ပန်းတောင်းမြို့နယ် နွေရာသီ’အ’သုံးလုံး လုပ်အားပေး

April 10 @ 10:00 am - May 19 @ 4:30 pm
ကျောက်ပန်းတောင်း United States + Google Map

"ကျောက်ပန်းတောင်းမြို့နယ် နွေရာသီ'အ'သုံးလုံး လုပ်အားပေးအတွက် MTU တို့ပါဝင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်" အားလုံးအတွက် ဒေသန္တရဗဟုသုတနှင့်ပညာရေးကုသိုလ်ပြုနိုင်မည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာခဲ့ပါပြီ... ပညာရေးဝန်ကြီးဌာနရဲ့ အမျိုးအသားအဆင့် ပညာရေးလှုပ်ရှားမှု လုပ်ငန်းတစ်ခုဖြစ်တဲ့့ နွေရာသီ 'အ' သုံးလုံးစဉ်၊ ကျေးလက်နေပြည်သူများ စာတတ်မြောက်ရေး လုပ်ငန်းစဉ်မှာ MTU ကကျောက်ပန်းတောင်းမြို့နယ်မှ ကျေးလက်ဒေသများသို့ ပါဝင်ခွင့်ရခဲ့ပါတယ်...။ အလွန်မွန်မြတ်ကောင်းမွန်တဲ့ ပညာဒါနပြုခြင်းတစ်မျိုးဖြစ်ပြီး လိုက်ပါခွင့်ရမယ့် Volunteers ကျောင်းသားများအနေနဲ့လည်း ရတောင့်ရခဲအခွင့်အရေးတစ်ခုပေါ့..။ စာသင်ချိန်က တစ်နေ့မှ (၃)နာရီပဲဖြစ်တဲ့အတွက် လိုက်ပါမယ့်ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ ကျေးလက်နေပြည်သူတွေရဲ့ဘဝကို အနီးကပ်လေ့လာခွင့်ရမယ် ၊ ကျေးလက်သဘာဝတွေကို ထိတွေ့ခံစားခွင့်ရမယ်၊ အချင်းချင်းရင်းနှီးချစ်ခင်မှုတွေနဲ့ အဖွဲ့အစည်းအလိုက် လုပ်ဆောင်တတ်တဲ့ အတွေ့အကြုံတွေ ရရှိနိုင်ကြမယ်...။ **မြန်မာနှစ်သစ်ကူး အခါသမယဖြစ်တဲဲ့ သင်္ကြန်ချိန်ခါမှာတော့ ကျောက်ပန်းတောင်းမြို့နှင့် အနားတစ်ဝိုက် လည်ပတ်လိုပါက လိုက်လံပို့ဆောင်ပေးမယ့် ကျေးလက်မြို့နယ်အစီအစဉ်လဲရှိပါတယ်...။ အစီအစဉ်အားလုံး အစအဆုံးကို ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပြီး ဖွင့်ပွဲနဲ့ပိတ်ပွဲအခမ်းအနားကိုတော့ ညောင်ဦးမြို့မှာ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်...။ နိုင်ငံအဆင့် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ပေးသွားမှာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချူပ် တို့ တက်ရောက်ကြမှာဖြစ်ပါတယ်...။ လုပ်အားပေး ကျောင်းသား၊ကျောင်းသူများနှင့် လိုက်ပါကြီးကြပ်မည့် ဆရာ၊ဆရာမများအနေနှင့် နေရေးထိုင်ရေး၊ သွားရေးလာရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် စားရေးသောက်ရေး အားလုံးကို သက်ဆိုင်ရာဌာနများက…

Find out more »

June 2020

The 12th National Conference on Science and Engineering, NCSE-2019

June 21 @ 8:00 am - 5:00 pm
Mandalay Technological University, Patheingyi Township
Mandalay, Myanmar
+ Google Map

မန္တလေးနည်းပညာတက္ကသိုလ်တွင် (၁၂)ကြိမ်မြောက် အမျိုးသားအဆင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်းအနားကို (၂၁.၆.၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ TOPIC COVERAGE - Telecommunication, Computer Engineering, Instrumentation and Control System - Power and Energy Systems, Renewable Energy - Structural, Transportation, Planning and Design - Environmental Engineering - Industrial, Materials, Manufacturing, Automation and Robotics - Food, Chemical and Bioprocess - Information Technology - Nuclear Technology - Mining - Remote Sensing - Applied Science: Physics, Chemistry and Mathematics

Find out more »
+ Export Events