မန္တလေးနည်းပညာတက္ကသိုလ်
သုတေသနကျင့်ဝတ်ကော်မတီ
သုတေသနအဆိုပြု လျှောက်လွှာများခေါ်ယူခြင်း
ရက်စွဲ။ အောက်တိုဘာလ (၁၅) ရက်၊ ၂၀၂၀
မန္တလေးနည်းပညာတက္ကသိုလ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဉီးစီးဌာန၏ သာမန်အသုံးစရိတ်စာရင်းမှ သုတေသနစရိတ်အတွက် ခွင့်ပြုသော သုတေသနရံပုံငွေဖြင့် ဆောင်ရွက်မည့် သုတေသန အဆိုပြုလွှာများ ကို ပူးတွဲပါသုတေသနလျှောက်လွှာပုံစံ (လျှောက်ထားသူများအတွက် လမ်းညွှန်ချက်) နှင့်အတူ သုတေသနကျင့်ဝတ်ကော်မတီသို့ လိပ်မူ၍ နိုဝင်ဘာလ (၅) ရက်နေ့ ရုံးချိန်အတွင်း နောက်ဆုံးပေးပို့လျှောက်ထားနိုင်ရန် အသိပေးအကြောင်းကြားပါသည်။
ဆက်သွယ်ပေးပို့ရမည့် အီးမေးလ်လိပ်စာများ
mtu.erc@mtu.edu.mm, thawtunko@mtu.edu.mm, kaungkyaw@mtu.edu.mm
သင်ကြား-စီမံ (ဌာနမှူးများ)
မိတ္တူ - ဆရာ/မများအားလုံး၊ မန္တလေးနည်းပညာတက္ကသိုလ်
-ကျောင်းသားသမဂ္ဂ(ဥက္ကဌ)၊ မန္တလေးနည်းပညာတက္ကသိုလ်
- သုတေသနကျင့်ဝတ်ကော်မတီ (ဥက္ကဌနှင့်အဖွဲ့ဝင်များ)