Grant Proposal v2.1 MTU_ERC
Ministry of Education
Mandalay Technological University
သုတေသနခေါင်းစဉ်သည် ရှင်းလင်းတိကျ၍ မိမိပြုလုပ်မည့် သုတေသနနယ်ပယ် နှင့် သဘောသဘာဝကို ဖော်ပြနိုင်သော ခေါင်းစဉ်ဖြစ်ရန် လိုအပ်ပါသည်။ (Here to fill in your research title) |
အဆိုပြုသုတေသနသည် မန္တလေးနည်းပညာတက္ကသိုလ် ၏ ချမှတ်ထားသော မည်သည့်သုတေသန နယ်ပယ်ဧရိယာတွင် အကြုံးဝင်သည်ကို ဖော်ပြပေးရန် လိုအပ်ပါသည်။ ဖော်ပြပါ နယ်ပယ် (၅) ခု သည် အရေးပါမှု၊ ဉီးစားပေးမှုအားဖြင့် တူညီသည်ဟု သတ်မှတ်ထားပါသည်။ (Here to mention your research theme area) Energy / Environment / ICT / Agriculture / Health |
အဆိုပြုသုတေသန နှင့် သက်ဆိုင်သော နောက်ခံအကြောင်းအရာများ အားလုံးကို ဖော်ပြပေးရန် ဖြစ်ပါသည်။ ပညာရပ်ဆိုင်ရာများ၊ စစ်တမ်းအချက်အလက်များကို ဖော်ပြရာတွင် ခိုင်မာသော ရည်ညွှန်းချက် Reference များထည့်သွင်းပေးရန် လိုအပ်ပါသည်။ အဆိုပြုသုတေသနသည် မိမိလက်ရှိလုပ်ဆောင်နေသော (သို့) လုပ်ဆောင်ခဲ့သော သုတေသနများနှင့် သက်ဆိုင်နေမှု ရှိပါကလည်း ဖော်ပြနိုင်ပါသည်။ (Here to fill in all the relevant background information of the proposed research, no more than 500 words)
|
အဆိုပြုသုတေသနသည် မည်သည့်အတွက်ကြောင့် လုပ်ဆောင်ရန်လိုအပ်ကြောင်းကို အထက်ဖော်ပြပါ နောက်ခံအကြောင်းအရာများအပေါ် အခြေခံကာ မည်သည့် သုတေသနပြဿနာ (သို့) စိမ်ခေါ်မှုရှိနေကြောင်း ရှင်းလင်းစွာဖော်ပြရန် ဖြစ်ပါသည်။ Graphical Illustration ဖြင့်ဖော်ပြလိုလျှင် (သို့) လိုအပ်လျှင် ထည့်သွင်းနိုင်ပါသည်။ (Here to state your research problem describing the technical bottlenecks that needed to be overcome or innovative idea that can provide technology solutions to the problems of the society. Description should be no more than 500 words)
|
အဆိုပြုသုတေသန၏ အဓိကရည်မှန်းချက် (Aim) နှင့် ၎င်းရည်မှန်းချက်အား ဖော်ဆောင်မည့် လုပ်ငန်းစဉ် အဆင့်ဆင့် (သို့) ဖော်ဆောင်ရင်း ပြည့်စုံသွားမည့် အခြေအနေ အကြောင်းအရာများ (Objectives) ကို ရှင်းလင်းစွာ ဖော်ပြပေးရန် ဖြစ်ပါသည်။ (Here to state your aim and objectives)
|
အဆိုပြုသုတေသန ကို ဖြေရှင်းပေးမည့် နည်းပညာဆိုင်ရာ လုပ်ဆောင်ချက်များကို ရှင်းလင်းစွာဖော်ပြပေးရန် ဖြစ်သည်။ သမရိုးကျနည်းလမ်းများမှ ခွဲထွက်သော Idea များ၊ နည်းပညာများ အဆိုပြုရန် ရှိပါကလည်း ဖော်ပြပေးရန် ဖြစ်ပါသည်။ Graphical Illustration ဖြင့် ဖော်ပြလိုလျှင် (သို့) လိုအပ်လျှင် ထည့်သွင်းနိုင်ပါသည်။ Multi-disciplinary သုတေသနများ ပြုလုပ်ရန်အတွက် ပုံစံများကိုလည်း ဖော်ပြနိုင်ပါသည်။ (Here to describe your research design or methodology in a comprehensive way. For example: State your experimental steps, identify the types of data and methods of data collection, experimental analysis, describe technical limitations [if any] and how you could overcome them. Please add additional sheets of methodology if necessary)
|
အစိုးရဘတ်ဂျက်၏ သတ်မှတ် အချိန်ကာလ အတွင်း လုပ်ဆောင်မည့် လုပ်ငန်းအဆင့်ဆင့်ကို ပိုင်းခြားသတ်မှတ်ပေးရန် ဖြစ်ပါသည်။ လုပ်ငန်းပြီးဆုံးမှု အခြေအနေကို ရှင်းလင်းစွာ မြင်နိုင်သည့် Graph or Chart များဖြင့် ဖော်ပြနိုင်ပါသည်။ (Here to state your research work schedule and design the graph or chart as appropriate) For Example
|
အဆိုပြုသုတေသနလုပ်ငန်း ပြီးဆုံးသည့်အခါတွင် မည်သို့သောအကျိုးရလဒ်များကို ဖော်ပြရန်ဖြစ်ပါသည်။ သုတေသန၏ အကျိုးသက်ရောက်မှုနယ်ပယ် (ကိုယ်ပိုင်သုတေသန၊ ဌာန၏ သုတေသန လမ်းကြောင်း၊ တက္ကသိုလ် ၏ လိုအပ်ချက်၊ တိုင်းဒေသကြီး၊ နိုင်ငံ၊ လူသားအားလုံး အတွက် အစရှိသည်ဖြင့်) ကိုလည်း လက်တွေ့ကျစွာဖြင့် ဖော်ပြပေးရန် လိုအပ်ပါသည်။ (Here to describe the expected outcome of the proposed research work)
|
အဆိုပြုသုတေသန အတွက် အများဆုံးတောင်းခံနိုင်သည့် ပမာဏမှာ မြန်မာကျပ်ငွေသိန်း (၁၀၀) ဖြစ်ပါသည်။ တောင်းခံသော ဘတ်ဂျက်အတွက် သုံးစွဲမှုပုံစံကို အဖြစ်နိုင်ဆုံး ခွဲခြမ်းစိတ်ဖြာကာ ဖော်ပြပေးရန် လိုအပ်မည် ဖြစ်ပါသည်။ (Here to describe your detail budget plan) For Example
TOTAL REQUESTED BUDGET - ( ) MMK
|
အဆိုပြုသုတေသနကို အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်မည့် သုတေသနအဖွဲ့ကို ထည့်သွင်းပေးရန်ဖြစ်ပါသည်။ သုတေသနကို ဉီးဆောင်မည့် Principle Investigator သည် အဆိုပြုသုတေသနနှင့် ပတ်သက်၍ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိရမည် ဖြစ်ပါသည်။ သုတေသနအဖွဲ့တွင် မတူညီသော ဌာနများမှ သုတေသီများ၊ ကျောင်းသား/သူ များ ပါဝင်နိုင်ပြီး ရှင်းလင်းသော တာဝန်ခွဲဝေမှုအား ဖော်ပြကာ Multi-disciplinary Research Work အဖြစ် ဆောင်ရွက်နိုင်ပါသည်။ သုတေသနအဖွဲ့တွင်ပါဝင်သူအားလုံးသည် မိမိနာမည်ပါရှိခြင်းကို သုတေသန၏ တာဝန်တစ်စိတ်တစ်ပိုင်းကို ခွဲဝေယူခြင်းဟု မှတ်ယူရမည်ဖြစ်ပါသည်။ (Here to mention the research team) Research Team Leader (or) Principal Investigator (name) (affiliation) Research Team Members (name) (affiliation) (name) (affiliation) Student Members (name) (affiliation) (undergrad/post-grad) (roll.no) (name) (affiliation) (undergrad/post-grad) (roll.no) |
အဆိုပြုသုတေသနအတွက် လိုအပ်သော Reference များကို ပြည့်စုံစွာ ထည့်သွင်းပေးရန် ဖြစ်ပါသည်။ Reference အတွက် ကြိုက်နှစ်သက်ရာ Citation Format တစ်မျိုးထဲကိုသာ အသုံးပြုရန်ဖြစ်ပါသည်။ အင်တာနက် Website များကို Reference အဖြစ်ထည့်သွင်းခြင်းမပြုလုပ်ရပါ (For example: www.wikipedia.com)။ Website မှ မဖြစ်မနေအရေးကြီးသော အချက်အလက် ဖြစ်ပါက မှန်ကန်သော Citation Format ဖြင့်ဖော်ပြရန် ဖြစ်ပါသည်။ (Here To add references and additional information)
|
ပြည့်စုံစွာ ဖြည့်စွက်ပြီးသော Research Proposal အား သတ်မှတ်ထားသော Deadline ထက်နောက်မကျစေပဲ အောက်ဖော်ပြပါ အီးမေးလိပ်စာများသို့ Proposal Soft Copy အား Attachment တွဲကာ ပေးပို့ရမည် ဖြစ်ပါသည်။ Research Proposal တွင် ဌာနအကြီးအကဲ လက်မှတ်ကို မတောင်းခံထားသော်လည်း ယခု Research Proposal တင်သွင်းခြင်းကို မိမိဌာနဆိုင်ရာအကြီးအကဲ (များ)မှ သိရှိပြီးဟု မှတ်ယူမည်ဖြစ်ပါသည်။ အောက်တွင်ဖော်ပြထားသော တင်သွင်းသူ Principal Investigator လက်မှတ်နေရာတွင် Digital Signature တစ်မျိုးမျိုးအား ထည့်သွင်းပြီး ယခု Word File အား PDF အနေနှင့် ပြောင်းကာ ၎င်း PDF File အား ပေးပို့ရန်ဖြစ်ပါသည်။ Submission Deadline: xxxxxxxx Please submit the completed application to
This application of “Research Grant for (2020-21) Budget Year” is submitted by –
(DIGITAL SIGNATURE)
(NAME) (AFFLIATION) (DATE)
|