ရာထူးတိုး/ပြောင်းအတွက် Presentation နှင့် Interview (Online) ဖြေဆိုမည့်သူများ လိုက်နာရမည့် အချက်များ
၁။ Zoom ဖြင့် Presentation နှင့် Interview ဖြေဆိုရာတွင် အသံကြည်လင်ပြတ်သား စေရန်အတွက် ဆိတ်ငြိမ်သောနေရာ (သို့မဟုတ်) ဆိတ်ငြိမ်သောအခန်း၌သာ ဖြေဆိုရ မည်။
၂။ ပတ်ဝန်းကျင် ဆူညံသံကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအား Presenter က သာ တာဝန်ယူရပါမည်။ အရည်အချင်းစစ်ဆေးရေးအဖွဲ့မှ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားပါမည်။
၃။ Powerpoint အား English ဖြင့် ပြင်ဆင်ရပါမည်။
၄။ Presentation ပြုလုပ်ရာတွင် In English ဖြင့်သာ ရှင်းပြရပါမည်။
၅။ Interview ဖြေဆိုရာတွင် English (သို့မဟုတ်) မြန်မာ မိမိနှစ်သက်ရာဖြင့် ဖြေဆိုနိုင် ပါသည်။
၆။ Presentation ကြာချိန်အား တစ်ဦးလျှင် (၁၀)မိနစ် သတ်မှတ်ထားပြီး Interview အတွက် တစ်ဦးလျှင် (၂၀)မိနစ် သတ်မှတ်ထားပါသည်။ အချိန်ပြည့်ပါက Alert လုပ် ပါမည်။
၇။ Presentation နှင့် Interview ဖြေဆိုရာတွင် ယူနီဖောင်းကိုသာ ဝတ်ဆင်ရမည်။ (အိမ်နေရင်းအဝတ်အစားများ၊ စွပ်ကျယ်၊ တီရှပ်တို့အား ဝတ်ဆင်ခြင်း မပြုရ။)
၈။ Presentation နှင့် Interview ဖြေဆိုရာတွင် Recording မလုပ်ရ၊ Photo မရိုက်ရ၊ Video မရိုက်ရ၊ Social Media ပေါ် မတင်ရ။ Ethic အား လိုက်နာခြင်းမရှိပါက အရည်အချင်းစစ်ဆေးရေးအဖွဲ့နှင့် ဦးစီးကော်မတီ၏ ဆုံးဖြတ်ချက်အတိုင်းသာ အတည်ဖြစ်သည်။
၉။ နံနက်ပိုင်း နှင့် နေ့လယ်ပိုင်း နှစ်ပိုင်းခွဲ၍ စစ်ဆေးသွားမည်။ အမှတ်စဉ်အတိုင်း စစ်ဆေးသွားမည်ဖြစ်သော်လည်း မိမိပါဝင်ရာ အပိုင်း၌ Stand by ရှိနေပေးရန်။
၁၀။ Presentation နှင့် Interview အား လူစားဝင်ရောက်ဖြေဆိုခြင်းခွင့်မပြု။
၁၁။ Presentation နှင့် Interview ဖြေဆိုရန် Zoom Account အား သက်ဆိုင်ရာ တက္ကသိုလ်၏ စီမံ email များသို့ ပေးပို့သွားမည်ဖြစ်ပြီး မိမိတို့၏ နာမည်ဖြင့်သာ ဝင်ရောက် ဖြေဆို ရန်။
၁၂။ အထက်ဖော်ပြပါအချက်များကို လိုက်နာရန်ပျက်ကွက်ပါက အရည်အချင်းစစ်ဆေး ရေးအဖွဲ့မှ ချမှတ်ထားသည့် မူအရ စည်းမျဉ်း၊ စည်းကမ်း လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်။
၁၃။ (က) ပါမောက္ခ ရာထူးတိုး/ပြောင်းကို ပါမောက္ခချုပ်(၄)ဦးပါ အဖွဲ့ဖြင့် Interview မည်ဖြစ်ပါသည်။
(ခ) တွဲဘက်ပါမောက္ခ ရာထူးတိုး/ပြောင်းအတွက် Presentation နှင့် Interview ၊ ကထိကရာထူးတိုး/ပြောင်းအတွက် Interview ကို အရည်အချင်းစစ်ဆေးရေးအဖွဲ့၊ မန္တလေးနည်းပညာတက္ကသိုလ်မှ ဆောင်ရွက်မည်ဖြစ်ပါသည်။
၁၄။ တစ်စုံတစ်ရာအခက်အခဲရှိပါက ဌာနမှူး၊ စီမံရေးရာဌာန၊ ဖုန်း - 09444031805 သို့ ဆက်သွယ်ပေးပါရန်။
အရည်အချင်းစစ်ဆေးရေးအဖွဲ့
မန္တလေးနည်းပညာတက္ကသိုလ်
ရာထူးတိုး/ပြောင်းအတွက် Presentation နှင့် Interview (Face to Face) ဖြေဆိုမည့်သူများ လိုက်နာရမည့် အချက်များ
၁။ Powerpoint အား English ဖြင့် ပြင်ဆင်ရပါမည်။
၂။ Presentation ပြုလုပ်ရာတွင် In English ဖြင့်သာ ရှင်းပြရပါမည်။
၃။ Interview ဖြေဆိုရာတွင် English (သို့မဟုတ်) မြန်မာ မိမိနှစ်သက်ရာဖြင့် ဖြေဆိုနိုင် ပါသည်။
၄။ Presentation ကြာချိန်အား တစ်ဦးလျှင် (၁၀)မိနစ် သတ်မှတ်ထားပြီး Interview အတွက် တစ်ဦးလျှင် (၂၀)မိနစ် သတ်မှတ်ထားပါသည်။ အချိန်ပြည့်ပါက Alert လုပ် ပါမည်။
၅။ Presentation နှင့် Interview ဖြေဆိုရာတွင် ယူနီဖောင်းကိုသာ ဝတ်ဆင်ရမည်။ (အိမ်နေရင်းအဝတ်အစားများ၊ စွပ်ကျယ်၊ တီရှပ်တို့အား ဝတ်ဆင်ခြင်း မပြုရ။)
၆။ နံနက်ပိုင်း နှင့် နေ့လယ်ပိုင်း နှစ်ပိုင်းခွဲ၍ စစ်ဆေးသွားမည်။ အမှတ်စဉ်အတိုင်း စစ်ဆေးသွားမည်ဖြစ်သော်လည်း မိမိပါဝင်ရာ အပိုင်း၌ Stand by ရှိနေပေးရန်။
၇။ အထက်ဖော်ပြပါအချက်များကို လိုက်နာခြင်း မရှိပါက အရည်အချင်းစစ်ဆေးရေး အဖွဲ့မှ ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်။
၈။ တစ်စုံတစ်ရာအခက်အခဲရှိပါက ဌာနမှူး၊ စီမံရေးရာဌာန၊ ဖုန်း - 09444031805 သို့ ဆက်သွယ်ပေးပါရန်။
အရည်အချင်းစစ်ဆေးရေးအဖွဲ့
မန္တလေးနည်းပညာတက္ကသိုလ်