MTU Promotion and Transfer
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မန္တလေးနည်းပညာတက္ကသိုလ် (သင်ကြားရေးရာထူးများ ရာထူးတိုးမြှင့်/ပြောင်းရွှေ့လျှောက်လွှာခေါ်ယူခြင်း) ၁။ မန္တလေးနည်းပညာတက္ကသိုလ်ရှိ အင်ဂျင်နီယာ/ဗိသုကာ၊ ဇီဝနည်းပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အင်ဂျင်နီယာသင်္ချာ၊ အင်ဂျင်နီယာဓာတုဗေဒ၊ အင်ဂျင်နီယာရူပဗေဒ၊ အင်ဂျင်နီယာဘူမိဗေဒ ဘာသာရပ် ဌာနများတွင် သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသော မန္တလေးနည်းပညာတက္ကသိုလ်နှင့် အဆင့်မြင့် ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ရာထူးတိုးမြှင့်လျှောက်ထားလိုသူ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြ/သရုပ်ပြများနှင့် ပြောင်းရွှေ့လျှောက်ထား လိုသူများသည်(အဆင့်မြင့်ပညာဦးစီးဌာနမှ သတ်မှတ်ထားသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် အလိုက် အနည်းဆုံးတာဝန်ထမ်းဆောင်ရမည့် နှစ်သတ်မှတ်ချက် အသားတင်ကာလပြည့်မီသူ) ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြ/သရုပ်ပြများသည် သက်ဆိုင်ရာ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများမှတစ်ဆင့် မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ထံလိပ်မူ၍ အထောက်အထားများ ပြည့်စုံစွာဖြင့် (၉-၁၀-၂၀၂၀)ရက်နေ့ […]