Promotion/ Transfer File for MTU

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပညာရေးဝန်ကြီးဌာန

အဆင့်မြင့်ပညာဦးစီးဌာန

မန္တလေးနည်းပညာတက္ကသိုလ်

(သင်ကြားရေးရာထူးများရာထူးတိုးမြှင့်/ပြောင်းရွှေ့လျှောက်လွှာခေါ်ယူခြင်း)

၁။        မန္တလေးနည်းပညာတက္ကသိုလ်ရှိ အင်ဂျင်နီယာ/ဗိသုကာ၊ ဇီဝနည်းပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အင်ဂျင်နီယာသင်္ချာ၊ အင်ဂျင်နီယာဓာတုဗေဒ၊ အင်ဂျင်နီယာရူပဗေဒ၊ အင်ဂျင်နီယာဘူမိဗေဒ ဘာသာရပ်ဌာနများတွင် သတ်မှတ်အရည်အချင်းများနှင့်ပြည့်စုံသော မန္တလေးနည်းပညာတက္ကသိုလ်နှင့် အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ရာထူးတိုးမြှင့် လျှောက်ထားလိုသူ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြ/သရုပ်ပြများ၊ ပြောင်းရွှေ့ လျှောက်ထားလိုသူ အဆင့်မြင့်ပညာဦးစီးဌာနက သတ်မှတ်ထားသော တက္ကသိုလ်၊ ဒီဂရီ ကောလိပ်အလိုက် အနည်းဆုံးတာဝန်ထမ်းဆောင်ရမည့် နှစ်သတ်မှတ်ချက် အသားတင်ကာလပြည့်မီသည့် ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြများသည် သက်ဆိုင်ရာပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ မှတဆင့် မန္တလေးနည်းပညာတက္ကသိုလ်ပါမောက္ခချုပ်ထံလိပ်မူ၍ အထောက်အထားများပြည့်စုံစွာဖြင့် (၉ – ၁၀ – ၂၀၂၀) ရက်နေ့နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြပါသည်။

၂။  အဆိုပြုလျှောက်ထားသူများသည် အောက်ပါ အထောက်အထားများ စာရွက်စာတမ်းမူရင်း နှင့် မိတ္တူမှန်များ (၂) စုံစီ ကို သက်ဆိုင်ရာပုဂ္ဂိုလ်၊ သက်ဆိုင်ရာပါမောက္ခ/ဌာနမှူးနှင့် သက်ဆိုင်ရာ ပါမောက္ခချုပ်/ ကျောင်းအုပ်ကြီး တို့က အတည်ပြု လက်မှတ်ရေးထိုးပြီး ပူးတွဲပေးပို့ရပါမည်-

၃။ သတ်မှတ်ရက်ထက်ကျော်လွန်ပြီး တင်သွင်းသည့်လျှောက်လွှာများနှင့် အချက်အလက်ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ထားခြင်းမရှိသော လျှောက်လွှာများကို လက်ခံစဉ်းစားမည် မဟုတ်ပါ။

၄။        အသေးစိတ်အချက်အလက်များကို  မန္တလေးနည်းပညာတက္ကသိုလ်၊  ဌာနကြီးမှူး(စီမံ-ဘဏ္ဍာ) ဖုန်းနံပါတ်-(၀၉-၄၃၀၈၄၀၀၇) ၊ ဌာနမှူး(စီမံ-ဘဏ္ဍာ) ဖုန်းနံပါတ်- (၀၉-၄၄၄၀၃၁၈၀၅)၊ ဌာနခွဲမှူး(စီမံ) ဖုန်းနံပါတ်- (၀၉-၇၉၀၁၈၈၀၂၃)၊ စီမံရေးရာဌာန (၀၂-၄၀၅၇၀၀၆) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ ရာထူးခေါ်စာနှင့် သတ်မှတ်ပုံစံ များကို အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ e-mail ဖြင့်လည်း ဖြန့်ဝေပေးပို့ထားမည် ဖြစ်ပါသည်။

မန္တလေးနည်းပညာတက္ကသိုလ်

The required documents for Promotion/ Transfer can be downloaded as below:

၁. ရာထူးတိုးလျှောက်လွှာ ခေါ်ယူခြင်း

၂. ရာထူးတိုး အဆိုပြုလျှောက်လွှာ

၃. ပြောင်းရွှေ့ တာ၀န်ထမ်းဆောင်ခြင်း

၄. ဝဖ အကဲဖြတ်မှတ်တမ်း (For P and AP)

၅. ဝဖ အကဲဖြတ်မှတ်တမ်း (ကထိက နှင့် အောက်)

၆. ရာထူးတိုးစိစစ်ချက်

၇. ကိုယ်ရေးမှတ်တမ်း

၈. လုပ်သက်ရမှတ် ဇယား

၉. ရာထူးတိုး တန်းစီဇယား

၁၀. ပြောင်းရွေ့တန်းစီဇယား

၁၁. ခံ၀န်ကတိ၊ ခွင့်မှတ်တမ်း

၁၂. ရာထူးတိုး စာရင်းချုပ်

၁၃. အပြောင်း စာရင်းချုပ်

၁၄. Paper/ Journal Recommendations from MTU-ERC

၁၅. ပြစ်ဒဏ်ကာလ မဟုတ်ကြောင်း ခံ၀န်ကတိ

The applicants need to submit both soft copy via mtu_promotion_transfer@mtu.edu.mm

hard copy with the completed data to Administration Office, Mandalay Technological University, Pathengyi, Mandalay.

You can enquiry about Paper Publication:

MTU ERC committee- Dr. Kaung Kyaw-095159605